Monday, May 05, 2008

မှုန်တိုင်းကကြီးကြီး နိုင်ငံကငယ်ငယ်

အခုရန်ကုန်ကို နာဂစ် မှုန်တိုင်းဆိုတာဝင်သွားခဲ့တယ်။ အသေအကြေကတော့ မပြောပြနိုင်လောက် အောင်ပါဘဲ။ ဒါပေမယ့် ဘာတတ်နိုင်မှာလည်း၊ တစ်ပူပေါ် နှစ်ပူဆင့်ဆိုသလိုပေါ့ နဂိုကမှ ငတ်လို.မသေယုံ တမယ်သာ ရှိနေတဲ့ အချိန်မှာ အခုတော့ ကံကြမ္မာက မျက်နှာသာ မပေးလေ တော့ဘ၀၀တ်ကြွေးတွေ များလေတဲ့ ပြည်သူတွေခမျာ ခါးစီးပြီးခံ ကြရယုံမှလွဲပြီး ဘာမှတော့ မတတ်နိုင်ရှာပါ။ ဒီလေမှုန်တိုင်း ကဘာဖြစ်လို. ဒီလဒနာ ကြီးတွေနေတဲ့ ပျဉ်းမနားကို သွားမမွှေတာလည်းမသိဘူး။ အခုတော့ အပြစ်မဲ့တဲ့ ပြည်သူတွေဘဲ ခံရပြန်ပြီး။ ဘုရားသခင် အကျွန်ပြည်သူ တို.အတိတ်က၀ဍ်ကြွေး ရှိခဲ့ရင်လည်း ကျေပါစေတော့လို. ဒီကနေ တပည့်တော် ရှိခိုးဦးချ ကန်တော့လိုက်ပါသည်ဘုရား။။

Saturday, October 20, 2007


Friday, October 19, 2007

SOURCE FROM MYANMAR .COM

ဒီနေ့ထူးထူးခြား http://www.myanmar.com/ မှာ Naypyitaw အစား Tay pyi taw လို့တင်ထားတာ ထူးထူးခြားခြားတွေ့ရပါတယ်။ ဒီကိစ္စက တမင်တကာလော မတော်တဆလောဆိုတာကတော့ တာဝန်ရှိသူသာသိလိမ့်မည်။ ဘာဘဲဖြစ်ဖြစ် သူတို့အခုလို မှန်မှန်ကန်ကန် သိမြင်တာကို သာဓုပွားရမှာပါ။

Wednesday, October 10, 2007


ယူအန်လုံခြုံရေးကောင်စီတွင် စစ်ငမိုက်သားများအား သူ၏ပထွေးက ကမ္ဘာ့အလည်တွင် လူ့သတ်ခွင့်လိုင်စင်ပေး မီးစိမ်းပြနေပုံ။

Tuesday, October 09, 2007

စဉ်းစားပေးကြပါအုံး။

ကျွန်တော်လည်းယ္ခုတလော ပြည်တွင်းကသတင်းတွေကို သတင်းဌာနစာမျက်နှာတွေ၊ ဘလောက်စာမျက်နှာတွေမှာ လျှောက်ဖတ်ပြီး တစ်ယောက်ထဲ စိတ်မကောင်းဖြစ်လိုက်၊ ဒေါသတွေဖြစ်လိုက်၊ ဝမ်းနည်းလိုက်ဖြစ်နေတာတွေကို ခံစားနေရတာတွေဟာ ပြောမပြနိုင်လောက်အောင်ပါဘဲ။ ဘလောက်တွေကို လျှောက်ဖတ်ရင်းနဲ့ တွေ့နေရတာက ခံပြင်းစိတ်နဲ့ ဝမ်းနည်းဒေါသထွက်နေကြတဲ့ သာမန်ပြည်သူတွေက ဆီဗုံးတွေထဲမှာ မိမိတို့ရဲ့ဝမ်းနည်းဒေါသကို ပြေရာပြေကြောင်း ဖော်ပြတာတွေကို လိုက်ဖတ်ရင်းနဲ့ အလိုမကျတာ တစ်ခုကိုတွေ့လိုက်ရတယ်။ အဲဒါကတော့ ငမိုက်သားစစ်အုပ်စုတို့တစ်တွေကိုခွေးနဲ့ နှိုင်းထားခြင်းပါဘဲ။ တကယ်တမ်းပြောရစတမ်းဆိုလျှင် ခွေးကငမိုက်သား စစ်အုပ်စုတတွေထက် အများကြီး သစ္စာရှိပါတယ်။ ခွေးတွေကသူ့ကို ကျွေးမွေးပြုစုခဲ့တဲ့ သ္ခင်ကိုပြန်လည် ကျေးဇူးဆပ်ခဲ့တဲ့ သာဓကတွေ များစွာရှိပါတယ်။ တကယ်ဆိုရင် အခုတလောဖြစ်ရပ်တွေကို ကြည့်ပြီးပြန်လည် သုံးသပ်မည်ဆိုလျှင် သည်လူမိုက်တစ်စုဟာ ခွေးလောက်မှ သစ္စာမရှိတာကို တွေ့ရပါလိမ့်မည်။ ကျွန်တော့်အမြင်နှင့် ပြောရမည်ဆိုလျှင် အနှိုင်းခံရသော ခွေးကိုချစ်သောသူများမခံ နိုင်မည်မှာ သေချာသည် ။ အမှန်အတိုင်း ပြောကြရမည်ဆိုလျှင် ၄င်းတို့၏မိုက်မဲမှုအတွက်ခိုင်းနှိုင်းစရာ စကားလုံးကို ကျွန်တော့အနေနှင့် ရှာဖွေ၍မရနိုင်တာကတော့ အသေအချာပင်ဖြစ်ပေသည်။


မြင့်မြတ်သောတိုက်ပွဲ အတွင်းကျဆုံးသွားသော ရဟန်းသံဃာများနှင့် အာဇာနည်များအား အစဉ် ဦးညွတ်လျှက်၊

Thursday, October 04, 2007



ရဟန်းသံဃာများအား၊ ကာယကံ၊ မနောကံ၊ ဝစီကံတို့ဖြင့် ကျူးလွန်ခဲ့ကြသော စစ်လူမိုက် ခေါင်းဆောင်တစ်စု တို့အားအပြင်းအထန် ရှူတ်ချလိုက်ပါသည်။ ဒီမိုကရေစီလူထု လွတ်မြောက်ရေးတိုက်ပွဲကြီး မုချမသွေ အောင်မြင်ရမည်။

Tuesday, September 25, 2007

ဟုတ်မှလည်းလုပ်ကြပါအုံး၊၊

ဒီနေ့မြန်မာ့အလင်းကိုဖတ်ကြည့်တော့ သာသနာရေးဝန်ကြီးဆိုသော ဝန်ကြီးက မေတ္တာပို့ဆန္ဒဖော်ထုတ် ပြသနေသောရဟန်းသံဃာတော်တွေကို နှိမ်နှင်းတာကိုသာသနာပြုတာတဲ့၊၊ ကမ္ဘာကမှကြားလို့ ကောင်းကြရဲ့လား။ အာဏာများရူးလိုက်တာဖြင့် ဒီလောက်တောင်ပါဘဲလား။ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့စကား အတိုင်းပါဘဲလား။
    မြန်မာစာကိုကောင်းစွာ ဖတ်ရှုနိုင်ရန် အတွက် ဇော်ဂျီစာလုံးကို ဒီမှာရယူပါ။ To read in Myanmar please downlod Zawgyi One font below links.
  • GET ZAWGYI ONE FONT AND KEYBOARD